ကံမ  ၁၃  ဒီဇင်ဘာ  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးများ စာဖတ်သည့်အလေ့အထ စွဲမြဲစေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မင်းကုန်း (မူလွန်)ကျောင်းသို့ သွားရောက်၍ စာဖတ်ဝိုင်း ၊ ဟောပြောပွဲ နှင့်  အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့သည်။

 

ေ

 

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာစာပေပံ့ပိုးကူညီမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF)မှ ပေးပို့လှူဒါန်းသော တိုင်းရင်းသားဘာသာစာပေများဖြင့် စာဖတ်ဝိုင်းပြုလုပ်၍ စာဖတ်နည်း(၄)မျိုးအား သင်ကြားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)