နေပြည်တော် ၁၇ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့ကိုယ်စားလှယ်အဖွဲ့များ၏ ပထမအကြိမ် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန မှ တာဝန်ရှိသူများလိုက်ပါလျက် အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြရာ ပြတိုက်အတွင်းပြသထားသည့် သီဟာသနပလ္လင်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ် ပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း နှင့် မြန်မာ အနုသုခုမပြခန်းစသည့် ပြခန်းတို့ကို ကြည့်ရှုလေ့လာကြပြီး အဖွဲ့ဝင်များ၏ သိရှိလို သည်များကို အမျိုးသားပြတိုက် မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ရောက်ရှိကြရာ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက် စိမ်းပြကွက်၊ ကျောက်မျက်ပြကွက်၊ ပုလဲပြကွက်၊ ငွေထည်ပစ္စည်းပြကွက်နှင့် သယံဇာတ ပြကွက်များကို ပြတိုက်မှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး အဖွဲ့ဝင် များ၏ သိရှိလိုသည်များကို ရှင်းလင်းပြောကြားသည်။
အလားတူ ပြတိုက်အဆောက်အဦ မြေညီထပ်ရှိ ကျောက်မျက်ရတနာ အရောင်း ဆိုင်များကို လှည့်ပတ်ကြည့်ရှုကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူ အားပေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့များသည် ငလိုက်ဆည်ဆင်စခန်း နှင့် Junction Center တို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့များအား ညပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးရုံး၌ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်းသိရသည်။
လူမော်၊ ဓာတ်ပုံ-ထန်းဖုန်