တောင်ကြီး ၁၈ မတ်
တိုင်းရင်းသားလူမျိုးစုများ၏စာပေယဉ်ကျေးမှုပွဲတော်နှင့်ဈေးရောင်းပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ မတ်လ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း စည်းဝေးခဲ့ကြကြောင်း သိရသည်။
မတ်၁၈ရက်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်ပြန်ဆက်ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်သော အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာတာဝန်ရှိသူအကြီးအကဲများ နှင့်ပြန်ဆက်ဝန်ထမ်းများတက်ရောက်ခဲ့ ကြကြောင်း ပြည်နယ်ပြန်ဆက်မှသိရသည်။
(MDN)