နေပြည်တော် ၂၂ ဇူလိုင်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ဘာသာအစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။
ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှစပြီး နိုဝင်ဘာလ (၃၀) ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ ချင်း (ချိုး) ဘာသာအစီအစဉ်၊ နံနက် ၇ နာရီမှ ၉ နာရီအထိ မွန်ဘာသာ အစီအစဉ်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ ကယားဘာသာ အစီအစဉ်၊ ည ၇ နာရီမှ ၈ နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ည ၈ နာရီမှ ၉ နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၉ နာရီမှ ၁၀ နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၁၀ နာရီမှ ၁၁ နာရီအထိ ချင်း (လိုင်ဇိုး) ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
MDN