နေပြည်တော်  ဒီဇင်ဘာ  

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး (၁၈ /၂၀၂၁) ကို ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်၊  ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေး ရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က  အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၁) အစည်းအဝေးဆုံးဖြစ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် များက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာကိစ္စရပ် များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍  ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှတင်ပြလာကြသည့် အမှာစာကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြရန်ကိစ္စ ရပ်များနှင့်  ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီ၏ ၁၆/၂၀၂၁ အစည်းအဝေးတွင် ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက် များအပေါ် အစည်းအဝေးဆုံးဖြတ်ချက်ပါ ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍  ဆောင် ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီယယ်၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဦးမျိုးလှိုင်၊ ဦးမင်းထိန်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်း လင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)