နေပြည်တော် မေ ၃၁
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ (၆/၂၀၂၃)အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသော အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြဆောင်ရွက်ကြပြီး တင်ပြလာသော အမှာစာများအပေါ် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ကော်မတီရေးရာကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များက ဆက်လက်တင်ပြခဲ့ရာ ကော်မတီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်