စစ်တွေ မေ ၂၀
တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာစခန်း ၅၄ ခုမှ တိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအတွက် ချီးမြှင့်ငွေကျပ် ၇၂ သိန်းပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးက လက်ခံရယူပြီး ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


