တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ  နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၇

နေပြည်တော်၌ ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

အဆိုပါ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည့် ယနေ့နံနက်ပိုင်းတွင် လွှတ်တော်အဆောက်အုံ၊ ကျောက်မျက်ရတနာပြတိုက်နှင့် Junction Centre တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်လေ့လာကြသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်ဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့သွားရောက် ဖူးမြော်ကြသည်။

တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ   ၃၃ ဦး၊ ကယားပြည်နယ်မှ   ၂၈ ဦး၊  ကရင်ပြည်နယ်မှ   ၄၀ ၊ ချင်းပြည်နယ်မှ   ၃၇ ဦး၊ မွန်ပြည်နယ်မှ   ၃၄ ဦးနှင့် ရခိုင်ပြည်နယ် မှ  ၃၅ ဦး ပါဝင်ကြောင်းသိရသည်။ 

သတင်းစဉ်