ရန်ကုန်  ၈   ဒီဇင်ဘာ

 

(၁၄)ကြိမ်မြောက် တိုယိုတာ စိတ်ကူးအိမ်မက် ကားအနုပညာပြိုင်ပွဲတွင် Grand Prize ဆုရရှိသူအား Olympics Games Tokyo 2020 သို့ တက်ရောက်ရန် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မြန်မာပလာဇာ၌ ကျင်းပသည့် ပြိုင်ပွဲအခမ်းအနားမှ သိရသည်။

 

အဆိုပါ ပန်းချီပြိုင်ပွဲတွင် အသက် ၇ နှစ်နှင့် ၇ နှစ်အောက်၊ အသက် ၈ နှစ်မှ ၁၁ နှစ်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ ကလေးများက စိတ်ကူး၊ စိတ်ကြိုက်ပုံ‌ဖော်ပန်းချီ‌ ရေးဆွဲဝင်ရောက် ယှဉ်ပြိုင်ကြသည်။ "ဒီပြိုင်ပွဲက လူငယ်များ တီထွင်ဖန်တီးနိုင်စွမ်းအား ဘယ်လောက်ရှိတယ် ဆိုတာပြုလုပ် ပေးတာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးသွားရင် ရန်ကုန်နဲ့ မန္တ‌လေး အခြေခံပညာကျောင်းနဲ့ ပုဂ္ဂလိ‌ကျောင်း‌တွေသွားမယ်။ အဲဒီမှာကလေးကို ပန်းချီ‌ရေးဆွဲပြိုင်ကြမယ်။ ရလာတဲ့ပန်းချီကားတွေကို စုစည်းပြီး ရွေးခြယ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပထမဆုရရှိတဲ့ Winner သုံးဦးထဲက Grand Winner တစ်ယောက်‌ရွေးသွားမှာဟု ပြိုင်ပွဲကျင်းပ‌ရေး တာဝန်ခံ Esther က ပြောသည်။  

 

ယင်းစိတ်ကူးအိမ်မက် ကားအနုပညာပြိုင်ပွဲဝင် ကာလကို ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စိတ်ကူးအိမ်မက် ကားအနုပညာပြိုင်ပွဲကို ၂၀ဝ၄ ခုနှစ်က စတင်ကာ နိုင်ငံ‌ပေါင်း ၈၀‌ ကျော်မှ ပါဝင်‌နေပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ပန်းချီကားပေါင်း ၂၀ဝ၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး