၁၂ မေ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် တိုယိုတာ ကားကုမ္ပဏီရဲ့ နှစ်ပတ်လည် အမြတ်မှာ ၇၉.၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ကြောင်း  ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

 

ဂျပန် ကားကုမ္ပဏီကြီး တိုရိုတာ က ဘဏ္ဏာရေးနှစ် (မတ်လ ၂၀၂၁) အထိ အမြတ်ဟာ အကြီးအကျယ် ကျဆင်းနိုင်ကြောင်း၊ နှစ်စဉ်အမြတ်ကို ဂျပန်ယမ်း ၅၀၀ ဘီလီယံ( အမေရိကန်ဒေါ်လာ . ဘီလီယံ) သာ မျှော်လင့်ကြောင်း၊ အရင်နှစ်တွေက နှစ်စဉ်အမြတ်ဟာ ဂျပန်ယမ်း .၄၄ ထရီလီယံ ရရှိခဲ့တာကြောင့် အမြတ်ငွေဟာ ၇၉. ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါတယ်။

 

တိုရိုတာကုမ္ပဏီရဲ့ ရောင်းအားဟာ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တဲ့အတွက် ဒီနှစ်အတွက် ရောင်းအားတန်ဖိုးဟာ ဂျပန်ယမ်း ၂၄ ထရီလီယံသာရှိပြီး ပြီးခဲ့တဲ့ဘဏ္ဏာရေးနှစ်ရဲ့ ရောင်းအားတန်ဖိုးမှာ ၂၉.၉၃ ထရီလီယံရှိတဲ့အတွက် ဒီနှစ်ရောင်းအားဟာ ၂၀ ရာခိုင်နှုန်းကျဆင်းတယ် ခန့်မှန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

MDN
ကိုးကား - AFP