တိုကျို၊ ဩဂုတ် ၁
တိုယိုတာမော်တော်ကားကုမ္ပဏီသည်ဧပြီမှဖွန်လအထိ သုံးလတာကာလအတွင်း အရောင်းနှင့် အမြတ် များ စံချိန်တင်ထားသည်ဟု တိုယိုတာကုမ္ပဏီကပြောသည်။
၁၀ဂျပန်ယန်းတန်ဖိုးကျဆင်းခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချခြင်းက တိုယိုတာ၏ ဝင်ငွေ များကို တိုးပွားစေခဲ့သည်။လွန်ခဲ့သောနှစ် အစောပိုင်းရောင်းအားသည် ဒသမ ၅ ထရီလီယံ ယန်း သို့မဟုတ် ဒေါ်လာ ၇၄ ဘီလီယံခန့်အထိဖြစ်ပြီး ၂၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု တိုယိုတာက ပြောကြားခဲ့သည်။ တိုယိုတာကားထုတ်လုပ်ရေး ကုမ္ပဏီသည် ပထမဆုံးအကြိမ်အဖြစ် ယန်း တစ်ထရီလီယံအထိ တိုးလာခဲ့သည်။ အဆိုပါပမာဏသည် ယန်းတန်ဖိုး အရ ၉၃ ဒသမ ၇ ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီး ဒေါ်လာတန်ဖိုးအားဖြင့် ၇ ဒသမ ၈ ဘီလီယံ ဒေါ်လာ ဝန်းကျင်အထိ တိုးလာခဲ့ခြင်းဖြစ်သည်။ တိုယိုတာကားကုမ္ပဏီ၏အသားတင်အမြတ်မှာ၇၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၉ဒသမ၂ဘီလီယံဒေါ်လာအထိ အမြတ်ကြမ်းခဲ့သည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်း ပြတ်တောက်မှုကိုဖြေရှင်းပြီးနောက် ကားထုတ်လုပ်မှုများကို အရှိန် မြှင့်တင် ထုတ်လုပ်နိုင်ခဲ့ကြောင်း ယင်းကမြင့်မားသည့်ရောင်းအားကိုဖြစ်ပေါ်ရရှိစေခဲ့ ကြောင်း တိုယိုတာက ပြောသည်။
အင်န်အိတ်ချ်ကေ