တက်ဆင်မိသားစုနဲ့ဆက်နွယ်နေတဲ့ပါတီ ဖျက်သိမ်းခံရ

၇ မတ် 

 

ထိုင်းတရားရုံးတစ်ရုံးကနေ တက်ဆင်ရှင်နာဝပ်ထရာမိသားစုနဲ့ ဆက်စပ်နေတဲ့ ထိုင်းရက်ဆာချက် ပါတီကို ဒီကနေ့ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ထိုင်းရက်ဆာချက်ပါတီဟာ တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ နာမည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

 

ထိုင်းရက်ဆာချက်ပါတီဟာ စည်းမျဉ်းခံဘုရင်စနစ်ကို ရန်ပြုတဲ့ ပုဒ်မကို ကျူးလွန်ကြောင်း တွေ့ရှိရတဲ့အတွက် တရားသူကြီးကိုးဦးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကနေ မဲခွဲပြီး အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ 

 

mdn

 

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေကိုလည်း နိုင်ငံရေးကနေ ၁၀ နှစ် ပါဝင်ခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ တားမြစ်ခံရသူတွေထဲမှာ ရှင်နာဝပ်ထရာမိသားစုဝင် နှစ်ဦး ပါဝင်တာကို တွေ့ရပါတယ်။ 

 

ထိုင်းရက်ဆာချက်ပါတီဟာ ရှင်နာဝပ်ထရာ ရဲ့ ပူရက်ထိုင်းပါတီ က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီဖြစ်ပြီး ပူရက်ထိုင်းပါတီဟာ ၂၀၁၁ ခုနှစ် ရွေးကောက်မှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ 

 

mdn

 

ထိုင်းရက်ဆာချက်ပါတီဟာ ၁၇၄ နေရာမှာ ကိုယ်စားလှယ်လောင်း ၁၀၈ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

 

မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရှင်နာဝပ်ထရာ မိသားစုရဲ့ ပါလီမန်မှာ အနိုင်ဖို့ ကြိုးစားမှုကို ပါတီအား ဖျက်သိမ်းခြင်းအားဖြင့် နှိမ်နင်းလိုက်သလို ရှိနေပါတယ်။ 

 

mdn

 

MDN
ကိုးကား - AFP