တကောင်းမြို့ Community Quanartine စောင့်ကြည့်ရေးစခန်သို့ သုတ ၊ ရသနှင့် မဂ္ဂဇင်းစာအုပ်များ လှူဒါန်း

တကောင်း  ၅ မေ

 

တကောင်းမြို့ ပြည်သူ့ဆေးရုံဟောင်း၌ Community Quanartine ဝင်ရောက်နေသူများနှင့် အလှည့်ကျ စောင့်ကြပ် ကြည့်ရှုနေသူများအား စိတ်အပန်းဖြေဖတ်ရှုနိုင်စေရန်အတွက် တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သုတ ၊ ရသနှင့် မဂ္ဂဇင်းစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ် သီတာအောင်နှင့် ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၁ နာရီတွင် တကောင်းမြို့ Community Quanartine သီးသန့် စောင့်ကြည့်ရေးစခန်းသို့ သုတ၊ ရသနှင့် မဂ္ဂဇင်းစာအုပ် စုစုပေါင်း ၅၀ အုပ်အား ပေးအပ်လှူဒါန်းရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လက်ခံရယူခဲ့ ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် တကောင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ ဟောင်းတွင် ဖွင့်လှစ်ထားသော စောင့်ကြည့်ရေးစခန်းတွင် ပြည်တွင်း၊ ပြည်ပ နေရာဒေသပေါင်းစုံမှ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး (၄) ဦးတို့အား သီးသန့်ခွဲခြား၍ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးဝတ်စုံ အပြည့်ဝတ်၍ အရေးပေါ်ယာဉ်ဖြင့် ဆေးရုံသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုအောင်(တကောင်း)