နေပြည်တော် ၁၄ မေ
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၄၈)မိနစ် (၂၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တကောင်းမြို့၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၂)ဒီဂရီ၊ အနက် (၅) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
MDN