ဆော ၂၄   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာစစ်ဌာန(၁၀)ခု  စီစဉ်ထားရှိပြီး ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ ၁၈၃၆ ဦး၊အပြင်ဖြေ ၁၁၂၈ ဦး၊စုစုပေါင်း(၂၉၆၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

 

54

 

ထို့အပြင် စာစစ်ဌာနအလိုက် သက်ဆိုင်ရာကြီးကြပ်ရေးမှူးများက ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ စာဖြေသူ ဝင်ခွင့်ကတ်များကို ထုတ်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုမည့်ရက် နံနက်ပိုင်းအထိ နောက်ဆုံးထား ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

42153