မုံရွာ မတ် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများသည် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်း‌ဒေသကြီး ပညာ‌ရေးမှူးနှင့် တာ၀န်ရှိသူများ လိုက်ပါလျက် မတ် ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့တွင် အေးချမ်းလုံခြုံစွာဖြင့် တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင်အဖွဲ့သည် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျေားင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ) တို့သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်၀င်စာမေးပွဲတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားမှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)