ရန်ကုန် ၉ ဒီဇင်ဘာ
တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်းဒေးရှင်း ( ၂၄ ) ကြိမ်မြောက် ဂုဏ်ထူးဆောင် နာယကကြီးများ ပူဇော်ပွဲကိုဒီဇင်ဘာ (၁၅) ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ( ၁ ) နာရီတွင် ရန်ကုန်တက္ကသိုလ် နယ်မြေဝိဇ္ဇာခန်းမတွင် ကျင်းပမည်ဖြစ်သည် ။
ကန်တော့ခံအသက် (၇၅) နှစ်မှ (၉၃) နှစ်အတွင်းရှိ ဆရာကြီးဆရာမကြီး (၂၂) ဦးတို့ကို တစ်ဦးလျှင် ကျပ်တစ်သိန်းစီ နှင့်အခြားပစ္စည်းများတို့ဖြင့် ပူဇော်ကန်တော့ကြမည်ဖြစ်သည် ။
တက္ကသိုလ် ကောလိပ်အသီးသီးမှ ခြေလျင်နှင့် တောင်တက်အသင်း မျိုးဆက်ဟောင်း မျိုးဆက်သစ် မိသားစုများ ပြန်လည်တွေ့ဆုံ၍ နာယက ဆရာကြီးဆရာမကြီးများကို ကိုယ်တိုင် ပူဇော်ကန်တော့ နိုင်မည်ဖြစ်သဖြင့် ရပ်ဝေးမှ ငွေလွှဲစာဖြင့် ပေးပို့လှူဒါန်းလိုသူများသည် ကမ္ဘောဇဘဏ် ( ပန်းဆိုးတန်း ) စာရင်းအမှတ် ( 173-502-02102552401 )( KBZ ) PSD သို့ပေးပို့နိုင်သည်။ ပူဇော်ပွဲနေ့တွင် လှူဒါန်းလိုပါက ဝိဇ္ဇာခန်းမ၌ လှူဒါန်းနိုင်ကြောင်း သိရှိရသည် ။
အောင်သူရ