ကန်ပက်လက်    ၃   အောက်တိုဘာ      

တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းမှ ကုသရေးသမားတော်ကြီးများ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများသည် ခေါနူးစုမ် ( ဝိတိုရိယ) တောင်တက်ရန် ကန်ပက်လက်မြို့သို့ အောက်တိုဘာ  ၁၂ ရက်နေ့တွင် ရောက်ရှိကြမည်ဖြစ်ပြီး ထိုသို့ရောက်ရှိစဉ် စိတ်ကျန်းမာရေးသမားတော်ကြီး၊ အထွေထွေကုသရေးသမားတော်ကြီးနှင့် သွားဘက်ဆိုင်ရာ သမားတော်ကြီးတို့က ကန်ပက်လက်မြို့ နတ်မတောင်ဟိတဓရ ပရဟိတကျောင်းတိုက်၌ အောက်တိုဘာ  ၁၃ ရက်နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း အခမဲ့ဆေးစစ် စမ်းသပ်ကုသပေးမည်ဖြစ်ပါသဖြင့် မည်သူမဆိုဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။                                      

 

သန်းမောင်  (ပြန်ဆက်)