ရန်ကုန်၊  ဇွန်  ၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် အင်းစိန် မြို့နယ်၊ စဉ့်ငူရပ်ကွက်  အောက်မင်္ဂလာဒုံလမ်း ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) ကျောင်းသို့သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုတ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးခြင်း၊ အောက်တက်ပင်များ သစ်ကိုင်းသစ်ခက်များ ရှင်းလင်း၍ပုံသွင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကျောင်းအတွင်းရှိ ရေနုတ်မြောင်းများ တူဖော်ရှင်းလင်းခြင်း သွေးလွန်တုတ်ကွေး ရောဂါကာကွယ် နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည်ဆည်း ဆောင်ရွက်ပေးသည်။

 

mdn

 

ဆက်လက်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းမဘေး ဒဂုံဧရာအဝေးပြေးရှေ့မှ အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းထိပ်အထိ လမ်းသားတိုးချဲ့ရန် မြေညှိပြုပြင်နေမှုနှင့် အနောက်ပိုင်း နည်ပညာတက္ကသိုလ် အဝင်လမ်း အရှည် ၇၈၀၀ ကျော် အကျယ် ၄၄ ပေ ကွန်ကရိလမ်း ခင်းကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

 

mdn

 

ထိုမှတဆင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရေပေးဝေရေးအတွက် အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းထိပ် ရေဂါလန် ၁၀၀,၀၀၀ ဆန့် ရေစုကန် ၂ ကန်နှင့် အုပ်ချုပ်မှု အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် ရေတွန်းစက် တပ်ဆပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန် နှင့်အဖွဲ့သည် စမ်းချောင်းမြိုနယ်၊ မုန့်လုပ်ဆောင်းကုန်း တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းမပေါ်ရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ အလုံမြို့နယ် စောရန်ပိုင် တောင်ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုတ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကျောင်းအတွင်းရှိ ရေနုတ်မြောင်းများ တူဖော်ရှင်းလင်းခြင်း သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက်မြို့တော်ဝန်သည် နံနက် ၉ နာရီခွဲတွင် သယံဇာတရေးရာနှင့် စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှူးများ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လိုင်စင်များခွင့်ပြုရာတွင် အခွန်အထောက်အထား ရယူရမှုနှင့် ပတ်သက်၍ညှိနှိုင်း အစည်အဝေးကို တက်ရောက်ပြီးအဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn