နတ်မောက် ၁၃ မတ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်း သား/ကျောင်းသူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် မြို့ပေါ်ရှိဖြေဆိုမည့် စာစစ်ဌာန ကျောင်းများရှေ့တွင် ယနေ့နံနက်(၇) နာရီအချိန်က ယာဉ်စည်းလမ်းစည်းကမ်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ရာတွင် အ.ထ.က(၂)ကျောင်းရှေ့၌ နတ်မောက် မြို့နယ် မြို့မရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်တာဝန်ခံစာရေးတို့က စာမေးပွဲဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများကို ယာဉ်ကြော ရှင်းလင်းပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများ လမ်းဖြတ်ကူးရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း(နတ်မောက်)