မုံရွာ  ၇  မတ် 
            

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် မုံရွာမြို့နယ် မုံရွေးကျေးရွာနှင့် ညောင်ပင်စောက်ရပ်ကွက်တို့မှ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတို့သို့ တိုင်းဒေသကြီးလူမူရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ရောက်ရှိကာ အဆိုပါ ကျောင်းများ၌ ကျောင်းသူ ကျောင်းသားများ အင်္ဂလိပ်စာ ဘာသာဖြေဆိုမှုများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တို့အတွက် စာမေးပွဲလုပ်ထုံး လုပ်နည်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား သည်။
            

ယနေ့ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုကြရာ၌ ချောင်းဦးမြို့နယ်တွင် ဖြေဆိုသူ(၁၄၄၆)ဦး၊ ပျက်ကွက်(၇၁)ဦး၊ မုံရွာမြို့နယ်တွင် ဖြေဆိုသူ(၁၀၄၈၈)ဦး၊ ပျက်ကွက်(၃၃၅)ဦးရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။
            

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသံရုံးများ၌ နိုင်ငံခြား စာစစ်ဌာန(၂၁)ခု၊ ပြည်တွင်းစာစစ်ဌာန (၁၈၆၅)ခု စာစစ်ဌာန စုစုပေါင်း(၁၈၈၆)ခုတွင်  စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၉၇၉၉၄ ဦး စာရင်းပေးသွင်းကြပြီး ၈၅၁၅၇၀ ဝင်ရောက်ဖြေဆိုကြလျက်ရှိရာ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန (၂၃၀) ၌ စာမေးပွဲဖြေဆိုရန် (၁၁၉၄၀၅) ဦး စာရင်းပေးသွင်းကြပြီး(၄၃၅၉)ဦးပျက်ကွက်ခဲ့ကာ (၁၁၅၀၄၆ )ဦး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

1