တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ စိတ်ကြိုက်မြန်မာစာဘာသာရပ် ၁၀ ဦးဖြေဆို

နေပြည်တော် ၁၄ မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။

 

ယနေ့ဖြေဆိုသည့် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ကချင်ပြည်နယ်တွင် ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် ရခိုင်ပြည်နယ်တွင် တစ်ဉီး စုစုပေါင်း ၁၀ ဦး ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

သတင်းစဉ်