မတ် ၁၁

 

ကျောက်ဆည်မြို့နယ်တွင် ပထမဆုံးနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပပြီးစီး

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တက္ကသိုလ်တန်းဝင် စာစစ်ဌာနအသီးသီးတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၇၈၇) ဦးရှိသည့်အနက် ကျန်းမာရေးအခြေအနေကြောင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရင်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၂)ဦးအပါအဝင် (၄၅၁၂)ဦး ရှိပြီး၊ လာရောက်မဖြေဆိုသူဦးရေမှာ (၂၇၅) ရှိကြောင်း သိရှိရသည်။

 

သက်မောင် (ကျောက်ဆည်)

 

881

 

မော်လမြိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာရပ်) ဖြေဆိုသူ (၅၉၄၉)ဦးရှိ

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာဘာသာရပ်)ကို ယနေ့စတင်ဖြေဆိုရာ မော်လမြိုင်မြို့နယ်မှ မြန်မာစာဖြေဆိုသူ ၅၉၄၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ မော်လမြိုင်မြို့နယ်၌ စာစစ်ဌာန (၁၃) ခုရှိရာ စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၆၃၆၇ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၄၉ ဦး (၉၃ ဒသမ ၄၃ ရာခိုင်နှုန်း) ဖြေဆိုကြရာ ပျက်ကွက်သူ စုစုပေါင်း ၄၁၈ ဦး (၆ ဒသမ ၅၇ ရာခိုင်နှုန်း) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းချုပ်မှ သိရသည်။

 

ဝေလင်း(ပြန်/ဆက်)

 

951

 

တက္ကသိုလ်ဝင်စာမေးပွဲအား  ကျောက်ကြီးမြို့ နယ်ရှိ ကျောင်းသားကျောင်းသူ ၂၃၆၄ ဦးဝင်ရောက်ဖြေဆို

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထကကျောက်ကြီးကျောင်းတွင်  (၆၃၉)ဦး၊ အထက မုန်း ကျောင်း တွင် (၇၉၁)ဦး၊ ညောင်ပင်သာကျေးရွာ အထက်တန်းကျောင်းတွင် (၉၇)ဦး၊ အထက နတ်သံကွင်း ကျောင်းတွင်  (၆၃၈) ဦး၊ တံခွန်တိုင်း အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တွင် (၁၉၉ )ဦး ဝင်ရောက်ဖြေဆိုကြပြီး ကျောက်ကြီးမြို့နယ်အတွင်း စာစစ်ဌာန (၅) ခု၌ အပြင်ဖြေ၊ အတွင်းဖြေ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၄၈၇)ဦးရှိရာ မြန်မာစာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၃၆၄)ဦး ဝင်ရောက်ဖြေဆိုကြ‌ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)

 

4002

 

ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုပြီးစီး

 

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာ)ကို ပြည်ထောင် စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ် (၁၉) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန (၂) ခုတို့၌ ကျောင်းသား (၃၆၀) ဦး၊ ကျောင်းသူ (၄၂၈) ဦး စုစုပေါင်း (၇၈၈) ဦးစာရင်းပေးသွင်းထားသည့်အနက် ဖြေဆိုသူကျောင်းသား (၃၄၁)ဦး၊ ကျောင်းသူ (၄၀၅)ဦး စုစုပေါင်း (၇၄၆)ဦး တို့ဝင်ရောက်ဖြေဆိုခဲ့သည်။ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၂) ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၆၇ ရာခိုင်နှုန်း ဖြေဆိုကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)

 

တက္ကသိုလ်ဝင်စာမေးပွဲ ရပ်စောက်မြို့နယ်တွင် စတင်ကျင်းပ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် စာဖြေဌာန (၉)ခုဖွင့်လှစ်ပြီး ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၇၂၃ ဦးနှင့် ပြင်ပမှဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ  ၁ဝ၂၁ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၂၇၄၄ ဦး စာရင်းပေးထားပြီး  ယနေ့စတင်ဖြေဆိုရသည့် မြန်မာစာဘာရပ်တွင် ကျောင်းတွင်းဖြေဆိုသူ  ၁၆၉၉ ဦးနှင့် ပြင်ပမှ ဖြေဆိုသူ ၈၉၉ ဦး၊ စုစုပေါင်း ၂၅၆၇ ဦး ရှိကြောင်းနှင့် ပျက်ကွက်သူ ၁၇၇ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူး ရုံး၏စာရင်းဇယားများအရ သိရသည်။

 

ဇော်ဝင်းလှိုင်(ရပ်စောက်)

 

ကျောက်ဆည်