နေပြည်တော်  ၁၃  မတ် 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီဝဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၆၉၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၇၁၂ ခုတွင် ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို  နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၅၈ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၇၉ ခုတွင် ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၄၁ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ မန္တလေးတိုင်းဒေသ ကြီးမှ ၁ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၃၀ ၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၇ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၅၅ ဦးရှိကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၁၉ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၄ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၀၈ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၄ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက် ဖြေဆိုသူ ၆၃ ဦးရှိကြောင်း သိရသည်။ 

(သတင်းစဉ်)