ကန်ကြီးထောင့် ၁၁ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်မှ စတင်ကျင်းပလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယာဉ်လမ်းရှင်းလင်းရေးများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနကိုးခုဖြင့် ကျင်းပလျက်ရှိရာ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်လမ်းရှင်းလင်းရေးများကို နေ့စဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (KGD)