နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်      စာမေးပွဲအတွက် ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသား/ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန(၄)ခုကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။

 

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား/ ကျောင်းသူ(လူနာ)များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)