လေးမျက်နှာ ၂၄ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန (၆)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်ဖြေဆိုရာတွင် အ.ထ.က- လေး မျက်နှာစာစစ်ဌာန၌ (၃၅၉)ဦး၊ အ.ထ.က-အိုင်သပြု စာစစ်ဌာန၌ (၆၇၇)ဦး၊ အ.ထ.က-ခမောပ်စု စာစစ်ဌာန၌ (၁၉၉)ဦး၊ အ.ထ.က-ေလှာ်ကထား စာစစ်ဌာန၌ (၄၅၃)ဦး၊ အ.ထ.က-ပန်းတောကြီး စာစစ်ဌာန၌ (၂၇၃) ဦးနှင့် အ.ထ.က-မဲဇလီ စာစစ်ဌာန၌ (၁၈၈)ဦး၊ စုစု ပေါင်း ကျောင်းသား/ကျောင်းသူ (၂၁၄၉)ဦး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း လေးမျက်နှာမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေမိုး(ပြန်/ဆက်)


