၁၁ မတ်
မင်းလှမြို့နယ်တွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၁၃၇ ဉီးရှိ
ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံအနှံ့ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် တွင် စာစစ်ဌာန သုံးခုဖြင့် ကျောင်သား ကျောင်းသူ ၁၆၀၆ ဦး ဝင်ရောက်ဖြေဆိုနေပြီး ပျက်ကွက်သူ ၁၃၇ ဦးရှိရာ တစ်မြို့နယ်လုံး အတိုင်းအတာအနေဖြင့် ၉၂ ဒသမ ၁၄ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။
ပေါက်စ (မင်းလှ)

ရွှေကျင်မြို့နယ်တွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၁၃၈ ဉီးရှိ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် စာစစ်ဌာန ၆ ခုဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၉၂၅ ဦး စာရင်းပေးသွင်းထားသည့်အနက် ၁၇၈၇ ဦးဝင်ရောက်ဖြေဆိုပြီး ၁၃၈ ဦးပျက်ကွက်ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်ဆက်)

ငွေဆောင်မြို့တွင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၈၉ ဉီးရှိ
ငွေဆောင်မြို့တွင်လည်း စာစစ်ဌာန နှစ်ခုဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၆၈၂ ဦး စာရင်းပေးသွင်းခဲ့ရာ ၅၉၃ ဦးဖြေဆို၍ ပျက်ကွက်သူ ၈၉ ဦးရှိကြောင်း သိရသည်။
မူမူ (ပြန်ဆက်)
