တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ယနေ့တွင် စတင်ဖြေဆို

နေပြည်တော် ၇ မတ်

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ယနေ့တွင် စတင်ဖြေဆိုရာ မနက် ၈ နာရီကနေ ၁၀ နာရီခွဲအတွင်း Myanmar Digital News အနေနဲ့ စုစည်းရရှိသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာစစ်ဌာနအချို့မှာ လာရောက်ဖြေဆိုသော ကျောင်းသူ ကျောင်းသားများရဲ့ အခြေအနေကို စုစည်းတင်ပြ ပေးလိုက်ပါတယ်။

 

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့တွင် စာစစ်ဌာန အထက(၁)၊ အထက(၂)၊ အထက(ခွဲ)မြို့မ (သုံး)နေရာဖြင့် စတင်ဖြေဆိုကြရာ စုစုပေါင်း ၁၇၃၅ ဦးရှိပြီး  ရာခိုင်နှုန်းအားဖြင့် ၉၃.၈၃ ရာခိုင်နှုန်း ဖြေဆိုကြကာ ပျက်ကွက်သူ စုစုပေါင်း ၁၄၄ ဦးရှိကြောင်း သိရသည်။

 

သန်လျင်မြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၄၂၂၈)ဦးရှိပြီး လာရောက်ဖြေဆိုသူ(၃၉၅၅)ဦး ပျက်ကွက်သူ(၂၇၃)ဦးရှိပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၃.၅၄ ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာရင်းပေးသူ တစ်သိန်းကျော်ရှိပြီး စာစစ်ဌာန ၁၈၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်  မြို့ပေါ် အ.ထ.က (၁) စာစစ်ဌာန အပါအဝင် စာစစ်ဌာန(၁၀)ခု ရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားဦးရေ (၃၀၉၆) ဦးရှိကြောင်း သိရပြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်း မြို့နယ်တွင်လည်း တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းနှင့် ပြင်ပ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၅၁ ဦး ဖြေဆိုလျက်ရှိသည်။

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင်လည်း စာစစ်ဌာန (၈)ခုတို့၌ စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူ (၃၀ဝ၄)ဦး ရှိသည်။

 

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စာစစ်ဌာန ၄ ခုထားရှိပြီး ဖြေဆိုသူ ၁၄၀၇ ဦး ရှိပြီး ကလိန်အောင်မြို့တွင်  အထက(ခွဲ)ရာဖူး၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ၃၄ ဦး၊ ကျောင်းသူ ၆၄ ဦး၊ စုစုပေါင်း ၉၈ ဦး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အထက(နမ့်စန်) စာစစ်ဌာနနှင့် အထက(ခိုလမ်)  စာစစ်ဌာန ၂ ခုတွင် စတင်ဖြေဆိုခဲ့ရာ  ဖြေဆိုမည့် စာရင်းရှိ ၉၁၃ ဦးတွင် လာရောက်ဖြေဆိုသူ ၈၅၇ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၅၆ ဦး ရှိကြောင်း သိရသည်။

 

‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်ခရိုင် ဟိုပန်မြို့နယ် အထက-ဟိုပန် စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ(၁၀၇)ဦး၊ ပျက်ကွက်သူ(၁၂)ဦးဖြစ်ပြီး အတွဲ(၁) ဘာသာတွဲဖြေဆိုသူ (၉၅)ဦး၊ အတွဲ(၂) ဘာသာတွဲ ဖြေဆိုသူ(၃)ဦးနှင့် အတွဲ(၃) ဘာသာတွဲ ဖြေဆိုသူ(၉)ဦး ဝင်ရောက်ဖြေဆိုကာ ဖြေဆိုရာနှုန်း (၈၉ ဒသမ ၉၂) ရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

 

MDN