ရန်ကုန် ၃၀ ဧပြီ
ပညာရေးဝန်ကြီးဌာနသည် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှစ၍ ပြောင်းလဲအသုံးပြုသွားမည့် တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်များနှင့် စပ်လျဉ်း၍ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ပြည်သူများသိရှိနိုင်ရန် နေ့စဉ်ထုတ်သတင်းစာများတွင် အောက်ဖော်ပြပါ နေ့ရက်များအလိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဘာသာရပ် မေးခွန်းပုံစံသစ် တည်ဆောက်ပုံများကို ဖော်ပြသွားမည်ဖြစ်သည်။
(၂၀၁၈)ခုနှစ် မေလ (၂)ရက်နေ့တွင် မြန်မာစာ၊ မေလ (၃)ရက်နေ့တွင် အင်္ဂလိပ်စာ၊ မေလ (၄)ရက်နေ့တွင် သင်္ချာ၊ မေလ (၅)ရက်နေ့တွင် ဓာတုဗေဒ၊ မေလ (၆)ရက်နေ့တွင် ရူပဗေဒ၊ မေလ (၇)ရက်နေ့တွင် ဇီဝဗေဒ၊ မေလ (၈)ရက်နေ့တွင် ပထဝီဝင်၊ မေလ (၉)ရက်နေ့တွင် သမိုင်းနှင့် မေလ (၁၀)ရက်နေ့တို့တွင် ဘောဂဗေဒဘာသာရပ်များကို (၁)ရက်လျှင် (၁)ဘာသာနှုန်းဖြင့် မေးခွန်းပုံစံသစ် တည်ဆောက်ပုံနှင့် ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြထားသော သတင်းဆောင်းပါးတို့ကို ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN