ကျွန်းစု မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅၀၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (ကျွန်းစု)၊ အ.ထ.က (ကတ္တလူ)၊ အ.ထ.က (စခန်းသစ်)၊အ.ထ.က (ကံမော်)နှင့် အ.ထ.က (သဇင်)ကျောင်း၊ စုစုပေါင်း စာစစ်ဌာန(၅)ခုတို့၌ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ၌ တက္ကသိုလ်ဝင်တန်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား (၁၃၈)ဦး၊ ကျောင်းသူ (၂၄၈)ဦး၊ စုစုပေါင်း(၃၈၆)ဦးနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၈၁)ဦး၊ စုစုပေါင်း (၁၂၁)ဦးတို့က လျှောက်လွှာ(ဖောင်)များ တင်ထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား(၁၇၈)ဦး၊ ကျောင်းသူ(၃၂၉)ဦး၊ စုစုပေါင်း(၅၀၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)