ရွှေပြည်သာ ၆ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ တက်လမ်း အသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်း လီမိတက်သည် အသင်းသား (၅၀၉)ဦး၏ အစုထည့်ဝင်ငွေကျပ် (၂၅.၄၅)သိန်း၊ စုဆောင်း ငွေကျပ် (၁၁၈.၆၀၅)သိန်းရှိပြီး ထုတ်ချေးငွေကျပ် (၅၉၉.၀၂၂)သိန်းအား ထုတ်ချေးပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများထံမှ ချေးငွေကောက်ခံမှုကို ခေတ္တရပ်နားပေးသည့်အပြင် အသင်းသားများမှ အသင်းသို့ပေးရန်ရှိသော အတိုးငွေများအား ကောက်ခံခြင်းမရှိဘဲ ဖြေလျော့ပေးခြင်း၊ ချေးငွေအသစ် ထပ်မံထုတ်ချေးပေးခြင်း၊ စုဆောင်းငွေအပေါ် ချီးမြှင့်ငွေများထုတ်ပေးခြင်းနှင့် အသင်းသားများအား Mask များ အခမဲ့ဝေငှပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


