မန်နာအစ်ဇူမီ အသက် ၁၈ နှစ်အရွယ်မှာ ပထမဦးဆုံးတက်တူးကို ရရှိခဲ့ပါတယ်။ အဲဒီလို တက်တူးထိုးခဲ့တယ်ဆိုတာကလည်း အရိုးစွဲနေတဲ့ အယူအဆကို တော်လှန်ချင်လို့ မဟုတ်ဘဲ ဂျပန် ပေါ့တေးဂီတပညာရှင် နာမီ အမ်မူရိုကို အားကျလို့သာဖြစ်တယ်လို့ အစ်ဇူမီက ပြောပါတယ်။ 

ဂျပန်နိုင်ငံမှာ တက်တူးကို ရာဇဝတ်မှုကျူးလွန်မှုနဲ့ ဆက်ဆက်နေသူတွေမှာ တက်တူးတွေနဲ့ မကောင်းဆိုးဝါပုံစံမျိုး ပြခဲ့တာ ရာစုနှစ်နဲ့ချီပြီး ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် အစ်ဇူမီက သူ့ရဲ့ ပထမဦးဆုံးတက်တူးကို သူ့အမေမြင်တော့ ငိုတယ်။ အဖေကတော့ သတ်မလားတောင်တွေးမိတယ်။ သူကိုယ်တိုင်ကတော့ သူများတွေ မတူဘဲ ထူးခြားချင်လို့ပါ ဟု ပြောပါတယ်။ 

၂၀၂၀ တိုကျိုအိုလံပစ်ကို လက်ခံကျင်းပဖို့ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံမှာ တက်တူးဟာ သံသယဖြစ်စရာတွေ အဖြစ် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်စဲဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ပေါ်မှာ တက်တူးရှိသူတွေကို အများသုံးရေးကူးကန်နဲ့ ရေစိမ်ချိုးတဲ့ ကန်တွေမှာ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခံရသလို၊ ကမ်းခြေတွေ နဲ့ တချို့အားကစားရုံတွေမှာလည်း ခန္ဓာကိုယ်ရဲ့ လူအများမြင်နိုင်တဲ့ နေရာမှာ တက်တူးရှိသူတွေကို တားမြစ်ခံရပါတယ်။ အလာတူ လူအများမြင်နိုင်တဲ့နေရာမှာ တက်တူးရှိသူတွေဟာ လုပ်ငန်းခွင်မှာတောင် အခွင့်အရေးဆုံးရှုံးတာမျိုးထိအထိ ကြုံနေရပါသေးတယ်။ 

“တက်တူး : ဂျပန်နိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှု နှင့် ဒီဇိုင်း” စာအုပ်ရေးသားသူ ဘရိုင်ရန် အက်ရှ်ခရပ်ဖ် က ဂျပန်တွေက တက်တူးမြင်ရင် တက်တူးဟာ လှပတဲ့အနုပညာတမျိုးလို့မြင်ပြီး နှစ်သက်မှုမပေးဘဲ ယာကူဆာကို တခါတည်းပြေးမြင်တော့တာဘဲလို့ ဆိုပါတယ်။ 

ဂျပန်နိုင်ငံမှာ ၁၇ ရာစုက ရာဇဝတ်သားတွေကို အပစ်ပေးတဲ့ပုံစံမျိုးနဲ့ တက်တူးထိုးပြီး တံဆိပ်တက်တာမျိုး လုပ်သလို ယနေ့ခေတ် ရာကူဇာဂိုဏ်းတွေမှာ ဂိုဏ်းဝင်တွေက တကိုယ်လုံးတက်တူးခြင်း “အီရီဇူမီ” တက်တူးကို ထိုးထားတာမျိုး လုပ်လေ့ရှိပါတယ်။ 

၁၈၀၀ ပြည့်နှစ်များက ဂျပန်နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖွင့်ပေးခဲ့ပေမယ့် တက်တူးနဲ့အတူ မြွေအလှမွေးခြင်းနဲ့ လူရှေ့မှာ အဝတ်အထည် မဝတ်ဘဲ နေခြင်းတွေကို ဥပဒေချိုးဖောက်မှု ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဂျပန်တွေက သူတို့ကို ကမ္ဘာဦးအစက ရှေးဟောင်းလူတွေလို့ ထင်မှာ အရမ်းဆိုးလို့ပါလို့ အက်ရှ်ခရပ်ဖ် က ပြောပါတယ်။ 

တချိန်တည်းမှာ ဥရောပကိုအခြေကျပြီး သစ္စာရှိနေသူတွေက ဂျပန်နိုင်ငံကို ပြန်လာပြီး တက်တူးအနုပညာရှင်းများနဲ့ တိတ်တဆိတ် ဆက်သွယ်တာမျိုးလုပ်ဆောင်ခဲ့ပါတယ်။ 

၁၉၄၈ ခုနှစ်မှာ အမေရိကန်တပ်တွေ ဂျပန်ကို ဝင်ရောက်ချိန်မှာ တက်တူးထိုးခြင်းတားမြစ်မှုကို ဖယ်ရှားခဲ့ပေမယ့် ဂျပန်တွေရဲ့ စိတ်မှာ တက်တူးအပေါ်ထားတဲ့ ခံစားမှုဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

 

MDN

ကိုးကား-AFP