လှည်းကူး ၇ သြဂုတ်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပုတ်သင်ညိုကျေးရွာအုပ်စု၊ တောင်ထပ်ကျေးရွာ ဖောင်ကြီး-တိုက်ကြီးကားလမ်းဘေး တမံပိတ်ထားသည့် တောင်ကျရိုးမြောင်းအတွင်း သြဂုတ် ၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပုတ်သင်ညိုကျေးရွာအုပ်စု၊ တောင်ထပ်ကျေးရွာ ဖောင်ကြီး-တိုက်ကြီးကားလမ်းဘေး တမံပိတ်ထားသည့် တောင်ကျရိုးမြောင်းအတွင်း လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းပေးပို့ချက်အရ ဖောင်ကြီးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဇော်ဦးနှင့်အဖွဲ့သည် သက်သေတို့နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဘိုဘိုလွင်(၃၂)နှစ် တောင်ထပ်ကျေးရွာ၊ ပုတ်သင်ညိုကျေးရွာအုပ်စုနေသူမှာ တမံပိတ်ထားသည့် တောင်ကျရိုးမြောင်းအတွင်း အလျားပေ (၇၀)ခန့်၊ အနံ ပေ(၃၀)ခန့်၊ ရေအနက်(၁၂)ပေခန့်ရှိ ရိုးမြောင်းအတွင်းတွင် ပက်လက်အနေအထားဖြင့် ရေနစ်သေဆုံးနေသည် ကို တွေ့ရှိရသဖြင့် အလောင်းအား ကြည့်ရှုစစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ခြေ/လက်များတွင် ပဲကြီးရေခွံကဲ့သို့ရှုံ့တွန့်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသောကြောင့် အလောင်းအား ဖောင်ကြီးတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဒေါက်တာသန့်ဇင်ထွန်းမှ လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရေနစ်သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက် စစ်ဆေးနိုင်ရန် ဖောင်ကြီးနယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)