နေပြည်တော် ၂၄  ဩဂုတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၃ ရက် နံနက် ၆ နာရီခွဲက တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ကလေး-တမူးသွား ကားလမ်း၊ နန်းကတိတ်ကျေးရွာ အနီးတွင် ဆန်းဒေးလင်း မောင်းနှင်ပြီး ကမ်လွန်ပေါင် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁ ဒသမ ၁၆၈၂ ဘီလီယံတန်ဘိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၃,၂၀၀၊ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံး တို့ကို  သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင်  အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ်၊ နဘား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သိန်းသား မောင်းနှင်ပြီး ဂွန်းအောင် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၂ ဒသမ ၃၉၄ ဘီလီယံတန်ဘိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈,၈၀၀ ၊ မြန်မာငွေကျပ် ၈၀,၀၀၀ ၊ လက်ကိုင်ဖုန်း(၂)လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ မန်းတည့် ၁၂ နာရီက   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ်သွား ကားလမ်း၊ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့သို့ စိုင်းမြအောင် မောင်းနှင်ပြီး မနန်းနမ် (ခ) နန်းနစ်နှင့် အိုက်နွန်းတို့ လိုက်ပါလာသည့်  မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၇၂၀၀ တန်ဘိုးရှိ အိုက်စ် ၄၀ ကီလို၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ  မိုင်းယန်းမြို့နယ်၊ ယန်းခိုင်ကျေးရွာရှိ အိုက်နွန်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဆေးခြောက် သုည ဒသမ ၃၅ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သည်။  

 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ တာလိလင် ကျေးရွာနေ မအန်းရှမ်း၏ နေအိမ်အား ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၄၅၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၆ ကီလိုနှင် ၎င်းထံမှ တရုတ်နိုင်ငံသုံးယွမ်ငွေ ၅,၅၀၀၊ မြန်မာငွေကျပ် ၁၈၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

သတင်းစဉ်