မြို့သစ် ၁ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ သနန်ကျေးရွာအနီးရှိ ဆားချောင်း တံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာ ၁ ရက် နံနက် ၆ နာရီခန့်တွင် ကမ်းကပ်မြေရေတိုက်စားပြီး ချဉ်းကပ်လမ်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါဆားချောင်း တံတားသည် မြို့သစ်မြို့၊ တမူး-စေတီလမ်း မိုင်တိုင် ၃၅/၃ နှင့် ၃၅/၅ အကြား၊ သနန်ကျေးရွာအနီးတွင်ရှိပြီး အရှည်ပေ ၃၅ ခန့်ရှိသည့် ဘေလီသစ်သား တံတားအမျိုးအစားဖြစ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်မြေရေတိုက်စား၍ ချဉ်းကပ်လမ်းပြိုကျ ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)