တမူး  ၂၆  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ကနန်ကျေးရွာတွင် လယ်ယာမြေဧက ၅၀ဝမှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်း ပေါ်တွင်တံတားတစ်စင်း၊ ရေပြွန် ၁၄ ခု တည်ဆောက်လျက်ရှိကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းမှာ အရှည် ၂မိုင် အကျယ်၁၂ပေ၊ မြေသားထု၁ပေ၊ ဂျင်း၆လက်မ ခင်းခြင်း၊ အလျား၁၀ပေ အနံ၁၈ပေ အမြင့် ၆ပေရှိတံတားတစ်စင်း၊ အကျယ် ၂ပေ၊ အရှည် ၁၈ပေရှိ ရေပြွန် ၁၄ခုတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ယခုဘဏ္ဍာနှစ်၌ တင်ဒါအောင်မြင်သော MIT ကုမ္ပဏီကမူလခွင့်ပြု ရန်ပုံငွေကျပ် ၄၈ ဒသမ ၃၀သန်းဖြင့် ဖေဖော်ဝါရီလ ၂၁ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများတည်ဆောက်နေမှုကို တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားသည်။

 

အဆိုပါကနန်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတစ်စင်း ရေပြွန် ၁၄ ခုဆောင်ရွက် ပြီးစီးပါကအိမ်ခြေ ၁၂၀ဝရှိ လယ်ယာဧက ၅၀ဝမှ လယ်ယာထွက်ကုန်များဈေးကွက်သို့ အချိန်မီ ရောက်ရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ

 

mdn