တမူး ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခြင်းရက်သင်တန်းဆင်းပွဲကို ဇွန် ၂၁ ရက် နံနက် ၁၀ နာရီက တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် တမူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦးမှ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်မှ ကျေးလက်ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိပြီး ဆင်းရဲမှုလျှော့ချစေရန်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသူ (၁၃)ဦးတို့က ဇွန် ၇ ရက်မှ ၂၁ ရက်အထိ (၁၅)ရက်ကြာ သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ထမင်းချိုင့်ခြင်းရက်လုပ်ခြင်း၊ စျေးခြင်းရက်လုပ်ခြင်း၊ ပလိုင်းခြင်းရက်လုပ်ခြင်းနှင့် ဆရာမကိုင် ခြင်းရက်လုပ်ခြင်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရတနာ