ကျိုက်ထို   နို၀င်ဘာ   ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဆီမီး ၅၀၀၀၊ ပန်း ၁၀၀၀၀ ဖြင့် နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်းလပြည့်ညတွင် ပူဇော်ခဲ့ကြရာ ရပ်‌ဝေး ရပ်နီးမှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်သူများ အေးချမ်းစွာ ဘုရားဖူး ကုသိုလ်ယူနိုင်ရန် ဆံတော်ရှင်ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်းအဖွဲ့နှင့် တာဝန်ရှိသူများက ကူညီပေးခဲ့ကြကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)