အိမ်မဲ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်း(၁)လမ်းတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၅ နာရီမှစတင်ပြီး ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်းနှင့် လှူဖွယ်ဝတ္ထုများဖြင့် ကပ်လှူပူဇော်ပြီး အေးချမ်းစွာ ဘုရားဖူးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)


