မင်းဘူး နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားကြီးအား ရဟန်းရှင်လူ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြုပေးရာ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြည်တွင်းဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော်ကြည်ညိုကြသဖြင့် စည်ကားလျက်ရှိသည်။
မန်းရွှေစက်တော်ရာဘုရားကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ လာရောက် ကြသည့် ဘုရားဖူးများသည် မန်းရွှေစက်တောရာဘုရား အောက်ခြေတော်ရာပါဒစေတီတော်နှင့် အထက်စက်တော်ရာ ပါဒစေတီတော်တို့အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာ ပွားများခြင်းနှင့် ရွှေစက်တော်ဘုရားကြီးရှိ မျောက်များအား အစာအာဟာရ ကျွေးမွေး လှူဒါန်းခြင်း၊ မန်းချောင်းအတွင်း ငါးများလွှတ်ခြင်းတို့ကို တန်ဆောင်မုန်း လပြည့်နေ့ အခါသမယ နေ့ထူးနေ့မြတ်အဖြစ် ကုသိုလ်ကောင်းမှု ပြုကြကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


