ကျောက်ဆည် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် တန်ခိုးကြီးဘုရားများ ညအချိန်အထိ ဘုရားဖူးများဖြင့် စည်ကားခဲ့သည်။

ကျောက်ဆည်မြို့နယ်ရှိ မဟာဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီးဘုရားတို့တွင် ဘုရားဖူး ပြည်သူများ နေ့စဉ်လာရောက်ကာ ဖူးမြော်ဆုတောင်းကြသကဲ့သို့ အခါကြီးရက်ကြီးများနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ပိုမိုစည်းကားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)