မန္တလေး  ၁၇     နိုဝင်ဘာ

 

ဈေးချိုတော်၊ တိုက်တန်းကြီး ဈေးရုံများရှိ ဈေးဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ဖောက်သည်များကို တန်ဆောင်တိုင်ပွဲတော်အတွက် နေအိမ်များတွင် ဆက်သွယ်ရောင်းချရာတွင်ပစ္စည်း မပြတ်စေရန် ဈေးရုံအတွင်းက ပစ္စည်းများကို နိုဝင်ဘာ ၁၉ နှင့် ၂၀ရက်များတွင် ပစ္စည်းများ ထုတ်ယူနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။

 

နိုဝင်ဘာ ၁၉၊ ၂၀ ရက်တွင် မနက် ၈ နာရီမှ ၁၂ နာရီအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီ ဈေးအကျိုးတော်ဆောင်များနှင့် မြို့တော်စည်ပင် ဈေးဌာန တာဝန်ရှိသူများ ကြပ်မတ်မှုဖြင့်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ အညီဆောင်ရွက်ပြီး ထုတ်ခွင့်ပြုမှာဖြစ်ပါတယ်။ ၁၉ ရက်နေ့မှာ A, C, E, G ရုံများနှင့် မြောက်ဘက် တိုက်တန်းကြီး၊ ၂၀ ရက်နေ့မှာ B, D, F, H ဈေးရုံများ၊ စက်လှေကားပတ်လည်ဆိုင်များနှင့် တောင်ဘက်တိုက်တန်းကြီးဆိုင်ခန်း များကကုန်ပစ္စည်းများ ထုတ်ယူနိုင်ကြ မှာဖြစ်ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ဈေးချိုတော်ဈေးရုံများကို ကိုဗစ် ၁၉ ရောဂါကူးစက်မှု ကာကွယ်ရန်အတွက် စက်တင်ဘာလ ၁၃ ရက်မှ စတင်ပြီးယာယီ ပိတ်ထားခြင်းဖြစ်သည်။

 

မေသက်ထား