မော်လမြိုင် နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) နံနက်ပိုင်းတွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူ တရားဘာဝနာပွားများ အားထုတ်လျက်ရှိသကဲ့သို့ ညပိုင်းတွင်လည်း ဘုရား၊ ပုထိုးစေတီများ၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်းနှင့် ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်တန်းများတွင် ပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


