တောင်ကြီး  ၉   နိုဝင်ဘာ 

တောင်ကြီးမြို့၊စူဠာမုနိ ဘုရားပွဲ မဟာဘုံကထိန်နှင့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီမှကြီးမှူးကျင်းပသော တောင်ကြီးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ  ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ အချိန်မှစတင်၍ အဝေရာကုန်းသာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။

 

a

 

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ လွှတ်ပြိုင်ပွဲ ညမီးကြီး၊စိန်နားပန်၊နေ့လွှတ်အရုပ်၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုအရုပ်များ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့တွင်နေ့နံလွှတ် အရုပ်(၃၅)ရုပ် လွှတ်တင်သည့်ဖြစ်သည်အတွက် ခြေနှစ်ချောင်း အရုပ်(၁၁)ကောင်၊ ခြေလေးချောင်းအရုပ်(၄)ကောင်၊ အုပ်စုအရုပ်(၄)စုတို့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။

 

a

 

အဆိုပါရိုးရာပွဲတော်ကြီးတွင် ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်ကြသည့် ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ဓနု၊ ပလောင် စသည့် တိုင်းရင်းသား၊ နိုင်ငံသား လူမျိုးပေါင်းစုံတို့ ပါဝင်ဆင်နွှဲသည့် ပွဲတော်ကြီး ဖြစ်သောကြောင့် စည်ကား သိုက်မြိုက်စွာ သိုက်သိုက်ဝန်းဝန်း၊ စည်းကမ်းရှိစွာ ပါဝင်ဆင်နွှဲပျော်ရွှင်ကြသည့် ရိုးရာပွဲတော် တစ်ခုဖြစ်ပါကြောင်း သိရသည်။

 

a

 

စိုင်းသန်းကျော်(တောင်ကြီး)