နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်အတွင်းနှင့် တောင်ကြီးမြို့တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများနှင့် နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့် မဟာဘုံကထိန်အလှူတော်နှင့် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်း ပူဇော်ပွဲများသို့ သွားရောက်ကြည်ညိုပူဇော်ကြသည့် ခရီးသွားမော်တော်ယာဉ်များမှာ အဆမတန်များပြားလျက်ရှိပြီး ယင်းမော်တော်ယာဉ်များအတွက် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြိုတင်စီမံ၍ ဖြည့်တင်းထားမှုကြောင့် အများပြည်သူအနေဖြင့် စက်သုံးဆီများအား လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိပြီး စက်သုံးဆီဈေးနှုန်းအနေဖြင့်လည်း ယခင်ရက်များထက် တစ်လီတာလျှင် ၁၀ ကျပ်မှ ၃၅ ကျပ်အထိကျဆင်းပြီး ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


