ညောင်ဦး   ၉   နိုဝင်ဘာ 

တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ပြည်တွင်း ပြည်ပ ခရီးသွားဘုရားဖူးဧည့်သည်များ အလွန်ပြားများစွာ ဝင်ရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံမှသိရသည်။

သာမန်အချိန်ပင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များပြားသော ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်အတွင်း သမိုင်းဝင် အထင်ကရတန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေစည်းခုံ၊ ဓမ္မရာဇက၊ မနုဟာဘုရား၊ မြစေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ တုရင်တောင် စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ သဗ္ဗညုဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ စူဠာမဏိ၊ မဟာဗောဓိဘုရား၊ ကန်တော့ပလ္လင်၊ စိုးမင်းကြီးအုတ်ကျောင်း၊ တာမဏီ အုတ်ကျောင်းနှင့် အလိုတော်ပြည့်ဘုရားများတွင် ဘုရားဖူး လာရောက်သူ များပြားနေသည်မှာ ကား ထားသည့်နေရာ မရှိလောက်အောင် များပြားနေကြောင်း၊ ပုံမှန်ရက်များတွင် ပြည်ပခရီးသွားဦးရေ တစ်ရက် ၄၀၀ ခန့်ဝင်ရောက်ရာမှ တန်ဆောင်တိုင်ရုံးပတ်ရက်များတွင် ပြည်ပခရီးသွား ၇၀၀ဦးခန့် ဝင်ရောက်ကြောင်းနှင့် ပြည်တွင်းဘုရားဖူးများလည်း များပြားစွာလာရောက်ကြကြောင်း သိရသည်။

 

mdn

“ကျွန်တော်တို့ ဂေါပကတာဝန်ယူလုပ်ကိုင်နေတဲ့ ရွှေစည်းခုံဘုရားကြီးဟာ သာမန်အချိန်မှာ ရွှေစည်းခုံဘုရားတစ်ဆူထဲတွင်ပဲ ပြည်တွင်းပြည်ပခရီးသွား (၁၅၀၀) ဝင်ရောက်လေ့လာဖူးမြာ်ကြတယ်။ စနေ၊ တနင်္ဂနွေနဲ့ အခါကြီး ရက်ကြီးများကြုံကြိုက်ရင် ရွှေစည်းခုံဘုရားတစ်ဆူထဲမှာ ဘုရားဖူးဧည့်သည်များ (၇၀၀၀)ကျော်ထိ ဝင်ရောက်ကြတယ်”ဟု ရွှေစည်းခုံဘုရားဂေါပက အဖွဲ့မှ ပြောပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင် အထင်ကရဘုရားများသာမက ပြည်တွင်းဘုရားဖူးများ အရောက်အပေါက်နည်းသည့် တရုတ်ပြေးမင်းဘုရား၊ မင်းနန်သူဘုရားသုံးဆူ၊ သစ္စာဝတီဘုရား၊ သမ္ဘူလဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရားနှင့် ရွှေလိပ်တူး ဘုရားများတွင်လည်း ပြည်ပဧည့်သည်များသာ သွားရောက် လေ့လာကြရာမှ ယခုအခါ ပြည်တွင်းခရီးသွား ဘုရားဖူးများလည်း စိတ်ဝင်စားမှုမြှင့်တက်လာကာ ဝင်ရောက်လေ့လာနေကြကြောင်း စိမ်းညက်ညီအစ်မဘုရားနှင့် နဂါးရုံဘုရားတို့တွင် ကားထားသည့် နေရာမရှိလောက်အောင် လေ့လာသူများနေကြောင်းနှင့် တန်ဆောင်တိုင်ရုံးပိတ်ရက် စနေနေ့မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်သူများပြားနေကြကြောင်း ညောင်ဦးဒေသခံ ဦးနေဝင်းမောင်မှပြာပြ၍ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

mdn