တန့်ဆည် ၁၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်ရှိ ပညာမိခင်ပညာရေးစင်တာတွင် ယနေ့နံနက် ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပညာမိခင်ပညာရေးစင်တာရှိ အိပ်ဆောင်အတွင်း လျှပ်စစ်မိန်းခလုတ် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ တန့်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြရာ နံနက် ၆ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ မိနစ် ၂၅ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အိပ်ဆောင်တစ်ဆောင်နှင့် မြေစိုက်တဲတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မီးပေါ့ဆသူ မဟာမြိုင်ရပ်ကွက်ရှိ ဦးဇော်နိုင်လင်း (ဘ) ဦးသန်းရွှေကို တန့်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)