တန့်ဆည်၊   ၁၁    ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ မေတ္တာမြိုင်ရပ်ကွက်ရှိ မီးဘေးသင့် ပြည်သူ ဦးစောလွင်၏ မိသားစုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သောပစ္စည်းများကို ဇန်နဝါရီ ၁၁ ရက် မွန်းတည့် ၁၂ နာရီက ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် တန့်ဆည်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါက်တာအေးကိုကိုအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်လွင်၊ ကော်မတီအဖွဲ့ဝင် ဦးလှမြင့်ထွန်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးမျိုးဝင်းညွန့်နှင့် တပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)