တန့်ဆည် ၁၅ သြဂုတ်
လူကုန်ကူးမှု ကာကွယ်တားဆီးရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကိုယနေ့ မွန်းလွဲပိုင်းက တန့်ဆည်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာများနှင့် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများကို ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲသို့ ဘာသာရပ်သင်ကျောင်းများမှ ကျောင်းသူ (၆၀) တက်ရောက်ဆွေးနွေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


